Cele

လက်နက်ကြီး ထိပြီး ကွယ်လွန် သွားတဲ့ လာရှိုး လူငယ်ဥက္ကဠ အတွက် ကျော်သူ ရဲ့ ဝမ်းနည်းမှတ်တမ်း

Written by Let Pan

” မြေဇာမြက်ခင်းလူသားများ။” မြေဇာမြက်ခင်းလေးတွေက ပါတ်ဝန်းကျင်ရှုခင်းကို စိမ်းလန်းစေသည်။ ငြိမ်းချမ်းစေသည်။ လှပစေသည်။ သာယာစေ၏။ မြက်ခင်းစိမ်းလေးများပေါ်တွင် ကလေးငယ်များ ဆော့ကစားကြသလို လူကြိးများအတွက်ကျန်းမာရေးအရ သက်တောင့် သက်သာလမ်းလျှောက်ခွင့်ပေးသည်။ အားကစား လုပ်ခွင့်ပေးသည်။ပြေးလွှားခွင့်ပေး၏။”

“သို့သော် သူတို့၏ အနင်းကို ခံရသည်။ အဖိခံ အနင်းခံ ရသည့်ဘ၀နှင့် ရပ်တည်နေရသလို ခြေချော်လဲခြင်း၊မှောက်ယက်လဲခြင်း၊မူးမေ့လဲခြင်းဖြစ်ပါကလည်း လူသားတို့ထိခိုက်အနာတရမဖြစ်အောင်ဖေးမပေးနေသည့် မြေဇာမြက်ခင်းကလေးများပင်ဖြစ်တော့သည်။ ယခုတော့ အနင်းခံ၊ အဖိခံ ရယုံတင်မက တူးဆွ ကော်ထုတ် လွှတ်ပစ်ဖယ်ရှားခြင်းကိုပါခံခဲ့ရတော့သည်။”

“မြေဇာမြက်ခင်းလေး များနှင့် ဘ၀တူများဖြစ်ကြသည့် ကျွန်တော်တို့ ပရဟိတသမားများသည် လူမျိုးဘာသာ ဆင်းရဲချမ်းသာ မိတ်ဆွေရန်သူမခွဲခြားဘဲ ဒုက္ခရောက်သူအားလုံးတို့အား ကူညီဖေးမ၊အသက်ကယ်တင်ပေးနေရသော်လည်း အနင်းခံ၊အဖိခံရယုံတင်မက တူးဆွဖယ်ရှားလွှတ်ပစ်ခြင်း ကို ယနေ့နံနက်တွင် ခံခဲ့ရလေပြီ။”

“ယနေ့နံနက်တွင် ညီနောင် ပရဟိတအဖွဲ့ဖြစ်သော”လားရှိုး လူငယ် လူနာတင်ကား” အား လက်နတ်ကြီးထိမှန်၍ လားရှိုး လူငယ်ဥက္ကဌ ဦးထွန်းမြင့် ဆုံးပါးခဲ့ပြီး ကျန်သုံးဦးဒဏ်ရာရရှိခဲ့ရလေပြီ။ ကြေကွဲဝမ်းနည်းမိပါသည် ဦးထွန်းမြင့်ခင်ဗျာ။ လေးစား ဦးညွှတ်ပါသည် ဦးထွန်းမြင့်။

“မည်သို့ဖြစ်စေ ကျွန်ုပ်တို့ မြေဇာမြက်ကလေးများကတော့ လောကကြီးကို အရှိန်အဟုန်ပြင်းစွာအမြစ်တွယ်၍ ပိုမို အလှဆင်ကြဦးမည်ဟု ယုံကြည်မိပါသည်။(ကျော်သူ)” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ပြောပြထားပါတယ်။

အများအကျိုးကို သယ်ပိုးထမ်းဆောင်နေတဲ့ ပရဟိတသမားတစ်ယောက် အခုလိုဖြစ်ခဲ့ရလို့ တစ်နိုင်ငံလုံးက စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။ ကွယ်လွန်သူ ဦးထွန်းမြင့်လည်း ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

crd : momolay

About the author

Let Pan

Leave a Comment