Cele

Master Chef ပြိုင်ပွဲ ထက်ကြမ်းတဲ့ အစီအစဉ် တစ်ခုလာမယ်ဆိုတဲ့ သန္တာလှိုင်

Written by Let Pan

Model လောကမှာ အောင်မြင်စွာ နဲ့ ရပ်တည်လာပြီး အခုအချိန်အထိလည်း တက်သစ် Model တွေရဲ့ လေးစားအားကျခြင်းကို ခံရတဲ့ Model သန္တာလှိုင်ကတော့ Master Chef ပြိုင်ပွဲထက် ကြမ်းမယ့် Model Academy အစီအစဉ်အကြောင်းကို Sunday နဲ့ အင်တာဗျူးတစ်ခုမှာပြောသွား ခဲ့ပါတယ်။

သန္တာလှိုင်က “Master Chefကို ပရိသတ်တွေ ပါးစပ် ဖျားမှာပြောတာထက် Model Academy အစီအစဉ် ကျရင် ပါးစပ်ဖျားရော အကုန် လက်ဖျားရော ခြေဖျားရော အကုန်လုံးပါပါနေမှာ ဒါကအစ်မရဲ့ အမြင်လေးပါ။ Dialogue တွေက ပြင်ဆင်လို့မရဘူး ကိုယ်တကယ်တွေ့လာတဲ့ ကြုံလာတဲ့ ဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေ အပေါ်မှာ အစ်မတို့သေချာပြောရတာဆိုတော့ ပြောတဲ့နေ့ ပြောတဲ့အချိန်ကျမှပဲ အစ်မတို့ အကောင်းဆုံးဖြစ်အောင်ရွေးပြီးတော့ ပြောရတယ်။ ပြီးတော့ ပြို်င်ပွဲဝင်တွေအနေနဲ့လည်း သူတို့ ဒိုင်တွေအပေါ်မှာ ဘယ်လိုမြင်လဲ ဘယ်လိုရှိတယ်ဆိုတာကို သေသေချာချာ ကောင်းကောင်းပယ်ပယ်နယ်နယ်ပြောထားတာတွေရှိတယ်။

အဲ့တော့ အစ်မတို့က အဲ့တာတွေကို ပြန်နားထောင်ပြီးတော့ တကယ်တွေ့တဲ့ အခါမှာတစ်ယောက်နဲ့ တစ်ယောက်သေသေချာချာ ချေပ ပြောတာတွေဘာတွေနဲ့ဆိုတော့ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတယ်။ အစ်မအနေနဲ့ကလည်း ကိုယ်တကယ် သေသေချာချာ နားမလည်ဘူးဆိုရင် အစောကြီးကတည်းက မပြိုင်တာကောင်းတယ် ပြိုင်ပြီဆိုရင်လည်း ဒီပြိုင်ပွဲရဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ မျှော်လင့်ချက်တွေက ဘာတွေလဲဆိုတာသိထားမှ ပြိုင်ဖို့သင့်ပါတယ်။ ဒီဘက်မှဘာတွေပြောနေလဲဆိုတာထက် အစ်မပိုစိတ်ဝင်စားတာက Model Academy မှာဘယ်လိုမျိုးပြောလာကြမလဲဆိုတာစိတ်ဝင်စားပါတယ်။ အစ်မမျှဝေချင်တဲ့ အရာတွေကိုမျှဝေသွား ဖို့က အစ်မလုပ်နိုင်သလောက်အချိန်အထိ လုပ်သွားမယ်လို့ စိတ်ကူးထဲမှာရှိပါတယ်။

အခုအစ်မလုပ်နေတဲ့ အရာတွေအကုန်လုံးကလည်း အမျိုးသမီးတွေကျန်းမာဖို့ လှပဖို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်အပြည့် နဲ့ ကိုယ့်ရဲ့ မိသားစု ကိုယ့်ရဲ့ပတ်ဝန်းကျင် ကိုယ်လုပ်ချင်တဲ့အရာတွေ ဦးဆောင်ပြီး လုပ်ဆောင်နိုင်အောင် တတ်နိုင်သလောက် တတ်နိုင်တဲ့ဘက်ကနေပြီးတော့ ကူညီပြီးတော့ အားပေးနေပါတယ် မျှဝေပေးနေပါတယ်။ ကူညီတာကိုမှ အနုပညာ လို့မြင်ရင်လည်း အနုပညာပေါ့။ ဒါကိုဘယ်လိုပဲ မြင်မြင် အစ်မတတ်နိုင်သလာက်တော့ လုပ်နိုင်တဲ့အချိန်အထိ လုပ်သွားမှာလို့ ပြောချင်ပါတယ်။”လို့ပြောသွားခဲ့ပါတယ်။

ရေဘေးဒဏ်ကို ခံစားနေရတဲ့သူတွေနဲ့ ပတ်သက်ပြီးတော့လည်း “စိတ်မကောင်းစရာ အဖြစ်အပျက်ကို ရေတိုအတွက် အကုန်လုံး ဝိုင်းဝန်းကူညီပေးနေတာ မြင်ရတော့ အများကြီးအားရပါတယ်။ အစ်မအနေနဲ့ကျတော့ ရေရှည်အတွက်ကို ကူညီပေးဖို့ ပိုပြီးတော့ ဦးတည်ထားပါတယ်။ အဲ့တာကြောင့် ပြဿနာရဲ့ အဓိက အကြောင်းအရင်းက အရင်တုန်းက သစ်ပင်တွေရှိတယ်။ အိုးတစ်အိုး ထဲမှာ ရေလောင်း သစ်ပင်မရှိတဲ့အိုးထဲရေလောင်းလိုက်ရင် ရေတစ်အိုးလုံးမကုန်ခင်မှာ ရေတွေလျှံပြီးထွက်ကျသွားတာကို တွေ့ပါလိမ့်မယ်။ သစ်ပင်တစ်ပင်ကို Size အတူတူ အိုးထဲကို ရေထည့်မယ်ဆိုရင် ရေတစ်အိုးကုန်သွားတဲ့အထိ ရေက လျှံမကျဘဲနဲ့ နောက်ဆုံး နည်းနည်းလေးပဲ ယိုဆင်းလာတာကိုတွေ့လိမ့်မယ်။

သစ်ပင်နဲ့အမြစ်နဲ့ ကမ္ဘာပေါ်မှာ လိုအပ်နေတယ် အပင်တွေ ဘယ်လောက်အထိ လိုအပ်နေလဲဆိုတော့ အဖြေက ရှင်းသွားပါပြီ။ ဒီအရာတွေကို မြန်မာနိုင်ငံက လူတွေမသိကြသေးတဲ့အတွက် သစ်ပင်တွေခုတ်ကြတယ်။ အရင်တုန်းက သစ်ပင်တွေရှိတုန်းက ဒီလိုရေကြီးမှုမျိုးတွေမဖြစ်ကြဘူး အခု သစ်ပင်တွေတောတွေ ပြုန်းပြုန်းလာပြီး တောင်ကတုံးတွေ ဖြစ်လာတဲ့အချိန်မှာ ဒီလိုရေကြီးတာ ဖြစ်လာကြပြီိဆိုတော့ အားလုံးသိအောင် ပညာပေးဖို့လိုနေပြီလို့ အစ်မတော့ယူဆတယ်။ အစ်မကိုယ်တိုင်လည်း အသက်၄၀ပြည့်တဲ့နေ့မှာ ကျွန်းပင်၁၅၀၀ စိုက်ပြီးပြီ။”လို့ပြောသွား ခဲ့ပါတယ်။

About the author

Let Pan

Leave a Comment