Cele

အပျိုလေးတွေ ရှုံး ရလောက်အောင် ကြွေရုပ်လေး လိုလှနေတဲ့ ချစ်သုဝေ

Written by Let Pan

ပရိသတ်တွေ ချစ်ကြတဲ့ နိုင်ငံကျော် သရုပ်ဆောင် နဲ့ အဆိုတော်ဖြစ်သူ ချစ်သုဝေ က ဆရာဝန်တစ်ဦးဖြစ်ပေမယ့် သူမ ချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေသူ တစ်ဦးပါ။ ချစ်သုဝေက လက်ရှိမှာတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက် ကို ထိန်းကျောင်းရင်း နဲ့ အနုပညာ လုပ်ငန်းတွေကို တွဲဖက် လုပ်ကိုင်နေလျက်ရှိပါတယ်။ ဒါ့အပြင် ချစ်သုဝေက ပညာရေးသံတမန်နဲ့ ကျန်းမာရေးသံတမန်စတဲ့ လုပ်ငန်းတာဝန်တွေကိုလည်း ထမ်းဆောင်နေသူတစ်ဦး ဖြစ်ပါတယ်။

ကလေးနှစ်ယောက် အမေဖြစ်ပြီး အနုပညာ လုပ်ငန်းတွေ နဲ့ အခြားသော အလုပ်တွေကို တွဲဖက်လုပ်ကိုင်နေတဲ့ ချစ်သုဝေက အလုပ်တွေမအားတဲ့ကြားက တစ်နေ့တစ်ခြား ပိုလို့တောင် လှလာတာ ကိုတွေ့ရပါတယ်။

ဒီတစ်ခေါက် မှာတော့ ချစ်သုဝေက သူမရဲ့ ချစ်စရာကာင်းပြီး ကျက်သရေ ရှိလှတဲ့ ပုံရိပ်လေးတွေ ကို မျှဝေပေး ထားပါတယ်။ Let Pan ပရိသတ်တွေအတွက် ချစ်သုဝေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

ချစ်သုဝေက ” ရိုက်မိတော့လည်း တင်ရတာပ😜🤪သတင်း အစုံအလင်မှာ…ဒေါ်ထရီဇာဟာ ဆိုရင်ဖြင့် အိမ်မှာ ပလူးတာ၃ယောက်ကြောင့် လူရုပ်လေးတောင်မပေါ်နိုင်သမျှ အလုပ်အတွက်ပွဲ တက်ရင်ဖြင့်လှတပတဖြစ်ချင်နေတာကိုတော့ အပြစ်မမြင်ကြစေချင်ပါ🤓”

ချစ်သုဝေကတော့ ဘယ်အချိန်ကြည့်ကြည့် လုံလုံခြုံခြုံလေးနဲ့ လှနေတာပဲနော်။ ပရိသတ်ကြီးလည်း ချစ်သုဝေရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူး တင်ရှိပါတယ်။

crd : momolay

About the author

Let Pan

Leave a Comment