Cele

အရုပ်​​လေး တစ်​ရုပ်​လို လှရက် ​လွန်းတဲ့ ပန်း​ရောင်​ခြယ် ​ရဲ့ ပွဲတက်​ ပုံရိပ်​​တွေ

Written by Let Pan

တေးသံရှင် ဂရေဟမ်မှာ ဆိုရင် ပန်းရောင်ခြယ်နှင့် ပန်းသွန်းခြယ် ဆိုတဲ့ ချစ်စရာ ညီအမနှစ်ယောက်ရှိတာ အားလုံးပဲ သိကြမှာပါနော်…။ သမီးကြီးဖြစ်တဲ့ ပန်းရောင်ခြယ်ဟာ ဖခင်နည်းတူ အသံချို အေးအေးလေးတွေနဲ့ ရေးစပ်သီကုံးထားတဲ့ သီချင်းခွေလေးတွေကို ဖန်တီးခဲ့တာဖြစ်ပါတယ်…။ ပန်းရောင်ခြယ်ဟာ ဖက်ရှင်အလန်းစားလေးတွေကို ဝတ်ဆင်လေ့ရှိပြီး အမြဲဆွဲဆောင်မှုရှိ လှပနေတာပါ…။

ပန်းရောင်ခြယ်ဟာ အနုပညာ ပိုင်းမှာထူးချွန်သူဖြစ်ပြီး ပညာရေး ပိုင်းမှာလည်း တစ်ကယ့်ကို ထူးချွန်ထက်မြတ်သူ တစ်ယောက်ပဲဖြစ်ပါတယ်…။ သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shootingတွေ၊ ကြော်ငြာမဂ္ဂဇင်းတွေကို လက်ခံ ရိုက်ကူးလျက်ရှိပြီး ပွဲလမ်းသဘင်တွေ၊ အခမ်းအနားဖွင့်ပွဲတွေကိုလည်း တက်ရောက်ခဲ့တာပါနော်..။

ဒီနေ့မှာ “Samsung” ကုမဏ္ဏီက အဓိကကြီးမှူးကျင်းပ ခဲ့တဲ့ PUBG Mobile ပြိုင်ပွဲ “Galax Challenge” ရဲ့ grand final ပြိုင်ပွဲသို့ ပန်းရောင်လေးက တက်ရောက်ဖျော်ဖြေပေးခဲ့တာပါနော်..။ ခေတ်လူငယ်ပီပီ လူမှုကွန်ယက်စာမျက်နှာများဖြစ်တဲ့ facebook၊ Instagram စတဲ့ social media တွေကို အသုံးပြုတဲ့ ပန်းရောင်လေးဟာ အဆိုပါအကြောင်းကို အလှပုံရိပ်လေးတွေနဲ့တကွ တင်ဆက်ထားပြီး ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေး လိုက်ပါတယ်…။

crd : momolay

About the author

Let Pan

Leave a Comment