Cele

အရင် နဲ့တော်တော်လေးကွာပြီး ဘာဘီ အရုပ်မလို ခန္ဓာကိုယ် အချိုးအစားပြောင်း လဲသွားတဲ့ နန်းဆုရတီစိုး

Written by Let Pan

မြန်မာပြည်ရဲ့ ဘာဘီအရုပ်မလေး လို့တင်စား ရလောက်အောင် ချစ်စရာမျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ နန်းဆု တစ်ယောက် မျက်နှာလေးတင်မက ခန္ဓာကိုယ်လေးပါ တကယ့် အရုပ်မလေးလို ခါးသေးသေးလေးနဲ့ တင်ကားကားလေးဖြစ်သွား ခဲ့ပါပြီ။ သူမ ရဲ့ခန္ဓာကိုယ် အလှနဲ့ ပက်သက်ပြီး အမြဲတမ်းဂရုတစိုက်နေတဲ့သူဆိုတော့ အခုလို ထူးခြားပြီးလှလာတာ တော့ တကယ့်ကိုကြိုးစားမှုရဲ့ ရလာဒ်အစစ်အမှန်ပါပဲ။ G-Fatt ကတော့ ပိုပိုပြီးချစ်တော့ မှာပဲနော်။

အရမ်းကိုလှပလွန်းတဲ့ ခန္ဓာကိုယ်လေးထက်မှာ မြန်မာဝတ်စုံလေးနဲ့ သူငယ်ချင်းဖြစ်သူ ရဲ့ Sule Mogok Gems Trading New product launch & Grand opening ceremony ပွဲကို တက်ရောက်ခဲ့တဲ့ သူမရဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက် မှာဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။ တကယ့်ကို အံ့သြစရာကောင်းလောက်အောင် ပြောင်းလဲလိုက်မှုလေးက တော့ ရင်ခုန်သံတွေကို အပြတ်အသတ် ဖမ်းစားနိုင်ခဲ့ပါတယ်။

ရင်ခုန်ချင် စရာပုံရိပ်တွေကို ” ဟိုနေ့က ငယ်သူငယ်ချင်းရဲ့ ဆိုင်ဖွင့်ပွဲလေး သွားဖြစ်တယ် သူ့ဆိုင် မှာ သေးသေးလေး က အကြီးကြီးထိ ကျောက်မျိုး စုံရတယ် ဒီဇိုင်း ဆန်းလေးတွေ ရော အများကြီး သွားအားပေးကြနော် နန်းဆု လွှတ်လိုက်တာလို့ပြောရင် အများကြီးလျှော့ ပေးလိမ့်မယ် ” ဆိုပြီး ဝေမျှ လိုက်တာမို့ ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။

CRD : MOMOLAY

About the author

Let Pan

Leave a Comment