Cele

တရားဝင် ကွာရှင်းလိုက် ကြပြီဖြစ်တဲ့ Song Joong Ki နဲ့ Song Hye Kyo

Written by Let Pan

တောင်ကိုရီးယားနိုင်ငံ ရဲ့ နာမည်ကြီး အနုပညာရှင်စုံတွဲ တစ်တွဲဖြစ်တဲ့ Song Joong Ki နဲ့ Song Hye Kyo တို့စုံတွဲဟာ အိမ်ထောင် သက်တမ်း ၁ နှစ်နဲ့ ၈ လအကြာမှာ ကွာရှင်းပြတ်စဲကြတော့မယ်ဆိုတာကို ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကွာရှင်းခွင့်ကို Song Joong Ki ဘက်က ဇွန်လ ၂၆ ရက်နေ့မှာ ဦးစွာလျှောက်ထား ခဲ့တာဖြစ်ပြီး ပရိသတ်တွေကိုတော့ ဇွန်လ ၂၇ ရက်နေ့မှာ ၂ ယောက်လုံးက အသိပေးခဲ့ကြတာ ဖြစ်ပါတယ်။

တရားရုံးက သူတို့ ၂ ဦးရဲ့ ကွာရှင်းခွင့် ကို တစ်လအတွင်း (ခန့်မှန်းခြေ သြဂုတ်လအစောပိုင်းလောက်) မှာ အပြီးသတ်ဆောင်ရွက် မှာဖြစ်တယ်လို့ ကြေညာထားခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ သူတို့ချစ်ကြတဲ့ အနုပညာမောင်နှံ ကို ဒီအချိန်တော အတွင်းမှာ ပြန်လည်အဆင်ပြေ ဖို့အတွက် မျှော်လင့်ထားခဲ့ကြပါတယ်။

ဒါပေမယ့် ပရိသတ်တွေရဲ့ အဲဒီမျှာ်လင့်ချက်တွေက အခုဆိုရင် ဖြစ်မလာနိုင်တော့ ပါဘူး။ သူတို့ ၂ ယောက်လုံးဟာ အခုဆိုရင် တရားဝင်ကွာရှင်းလိုက်ကြပြီဖြစ်ကြောင်းကို ဒီနေ့ ဇူလိုင်လ ၂၂ ရက်နေ့ ကိုရီးယားစံတော်ချိန် မနက် ၁၀ နာရီမှာ ၂ ယောက်လုံးရဲ့ အေဂျင်စီတွေ ဘက်ကနေ ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။

ဆိုးလ်မိသားစုတရားရုံးရဲ့ တရားသူကြီးဖြစ်သူ Jang Jin Young ဟာ ဒီနေ့မှာ Song Joong Ki နဲ့ Song Hye Kyo တို့ ၂ ယောက်လုံးနဲ့ တံခါးပိတ်အစည်းအဝေးလုပ်ခဲ့တာဖြစ်ပါတယ်။ အစည်းအဝေးပြီးနောက် ထွက်ရှိလာတဲ့ရလဒ်အရတော့ ၂ ယောက်လုံးဟာ အပြီးတိုင်လမ်း ခွဲလိုက်ကြပြီဖြစ်တာပါပဲ။

ကွာရှင်းပြီးနောက်ပိုင်းမှာလည်း သူတို့ဟာ ဆက်လက်ပြီး အနုပညာ လှုပ်ရှားမှုတွေကို ပုံမှန် အတိုင်းဆက်လက်လုပ်ဆောင်သွားကြမှာဖြစ်တယ်လို့ သိရပါတယ်။

crd : momolay

About the author

Let Pan

Leave a Comment