Cele

သူငယ်ချင်း အတွက် ဖြေမဆယ်နိုင်ဖြစ်နေ ရှာတဲ့ ဝေဠုကျော် ….

Written by Let Pan

ရုပ်ရှင် ဇာတ်ကား ပေါင်းများစွာ အတူတူ ရိုက်ကူးခဲ့ကြတဲ့ ဝေဠုကျော်နဲ့ အောင်ဇော်တို့ဟာ အရမ်းခင်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး မဆုံဖြစ်ကြတာ နှစ်နဲ့ ချီနြေ့ပီလို့ သိရပါတယ်။ သူတို့တွေက လူကြီးမတွေ့ရပေမယ့် ဖုန်း အဆက်အသွယ်ကတော့ ရှိကြတယ်ဆိုတဲ့ အကြောင်းကို ဝေဠုကျော် ကပြောပြလာပါတယ်။ ဝေဠုကျော်နဲ့ အောင်ဇော် တို့ဟာ ယနေ့ ဇူလိုင်လ ညပိုင်း ၇နာရီဝန်းကျင်က ဖုန်းပြောဖြစ်ခဲ့ကြပြီး ၉နာရီ ၄၅မိနစ်လောက်မှာတော့ ကိုအောင်ဇော်ဆုံးပြီဆိုတဲ့ သတင်းကို ကြားခဲ့ရတာဖြစ်လို့ သူ့အနေနဲ့ ဘယ်လိုမှကိုမယုံနိုင်သေးဘူးလို့ ဆိုပြီး စာတစ်ချို့ ရေးသားလာပါတယ်။

ဝေဠုကျော် ရေးသား ခဲ့တာကတော့ “ သူငယ်ချင်း အောင်ဇော် မင်း ငါ့ကို လှမ်း နှုတ်ဆက် သွားတာလားကွာ 😢 7 : 08 pm မှာ ငါ့ဆီကို မင်းဖုန်းဆက်တယ် ကားရိုက် ရှိလို့ 23 ရန်ကုန် လာမလို့တဲ့ အေး ငါကမနက်ဖြန် မန္တလေးလာ မှာ စပိဘုတ် တစ်စီးပါဆွဲလာရမှာ လို့ပြော တော့ ငါအိမ် မှာလာထားတဲ့ ငါကားရေဆေးခုံ ဖွင့်ထားတယ် မင်းနဲ့တွေ့ပြီး စကာတွေပြောချင်သေးတယ်တဲ့ နောက်ရက်မှဘဲ ရန်ကုန် သွားမယ်လို့ မင်းပြောတယ် …”

“ 9း 45 pm မှာ မင်း သတင်း တက် လာလို့ မဟုတ်ပါစေ နဲ့လို့ ဆုတောင်းပြီး မင်းဖုန်းကို ဆက်လိုက် တော့ မင်းမိန်းမ ဖြူစင် ဖုန်းကိုင် တယ် ငိုလိုက်တာ 😢 ကိုဝေနဲ့ ဖုန်းပြောပြီးသိပ်မကြာဘူး ဖြစ်သွားတာတဲ့ … ကိုဝေနဲ့ဖုန်းပြောတာတွေတောင် ပြန်ပြောပြ နေသေးတယ် တဲ့ … ငါသူငယ်ချင်းကြီး အိမ်လာမယ်လို့ ပြောသွားသေးတယ် သိပ်မကြာဘူး စကားတွေပြောနေရင်း နဲ့လဲကျသွားတာတဲ့ 😢 ငါတို့ သူငယ်ချင်းတွေ ကိုယ့် အကြောင်းတွေနဲ့ ကိုယ်မို့ မဆုံဖြစ်တာ နှစ်ချီနေပြီ မင်း နဲ့ တွေ့ရမှာမို့ ငါပျော်နေတာ … ခုတော့ အားလုံးကို မင်းကထားသွားခဲ့ပြီ ငါဘယ်လို ဖြေရမှာလည်း သူငယ်ချင်းရယ် . . .😢” လို့ ဆိုပြီး ရေးသား ခဲ့ပါတယ်။

ဝေဠုကျော်ဟာ ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်နေတာကြောင့် အနုပညာအလုပ်တွေ ရပ်နားထားတာဖြစ်ပါတယ်။ ကိုအောင်ဇော် ကတော့ ရိုက်ကူးဖို့ကမ်းလှမ်းလာတဲ့ အခါတွေမှာ ရိုက်ကူးဖြစ်နေပြီး ယခင်ကလို တော့ အများကြီး မရိုက်ဖြစ်ကြတော့ပါဘူး သူက ယခုလအတွင်းမှာဘဲ ကျန်းမာရေးချူချာနေတယ်လို့လဲ သူ့မိတ်ဆွေတွေထ့မှသိရပါတယ်။ ကျန်းမာရေးချူချာနေပေမယ့်လဲ ဒေါင်ဒေါင်မြည်အောင် လျှောက်သွားနေတဲ့ သူတစ်ယောက်မို့ သူရုတ်တရက်ကွယ်လွန်ခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်သူက မှမယုံနိုင်လောက်အောင် ဖြစ်နေကြပါတယ်။

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ကိုအောင်ဇော်ဟာ ဇူလိုင်လ ၂၁ရက်နေ့ညက နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်ခဲ့ပါတယ်။ ကိုအောင်ဇော်တစ်ယောက် ကောင်းတဲ့ ဘုံဘ၀ကိုရောက်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်နော်။

CRD_May Phyo(MML) ,Source- ဝေဠုကျော်

About the author

Let Pan

Leave a Comment