Local Cele

“နေမကောင်း ဖြစ်နေတဲ့ ချစ်သူကို ဂရုစိုက်ပေး နေတဲ့ ဝါဆို”

Written by Let Pan

ပရိသတ် အချစ်တော်မင်းသမီးချောလေး တစ်ယောက်ဖြစ်တဲ့ ဝါဆိုမိုးဦး ကတော့ လတ်တလောမှာ ချစ်သူဖြစ်တဲ့ အဆိုတော်ဖြိုးလေးတစ်ယောက် နေမကောင်းဖြစ်နေတာကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။ဖြိုးလေးကနေမကောင်းဖြစ်နေပြီး စိတ်မကြည်ဖြစ်နေတဲ့ အကြောင်းကို “သူနေမကောင်းရင် အရစ်လုပ်ပြီ တစ်ချိန်လုံးရစ် ဘာရစ်နေမှန်း ကိုမသိတာ”ဆိုပြီးလည်းဖော်ပြထားပါသေးတယ်။

ဖြိုးလေး နဲ့ ဝါဆိုတို့ နှစ်သူနှစ်ဦး ဟာဆိုရင် တစ်ဦးကို တစ်ဦး နားလည်မှုအပြည့်အဝ နဲ့ လက်တွဲလာတာဆိုရင် ချစ်သူသက်တမ်း (၄)နှစ်နီးပါးရှိနေပြီလည်း ဖြစ်ပါတယ်။ပျော်ရွှင်စရာကောင်းလှတဲ့ အချစ်ရေးလေးကိုတည်ဆောက်ထားနိုင်တာကြောင့် Idol Couple အဖြစ်နဲ့ သတ်မှတ် ခံနေရတဲ့ ချစ်စရာကောင်းတဲ့ အနုပညာရှင် စုံတွဲလေးတစ်တွဲ လည်းဖြစ်ပါတယ်။

မကြာသေးမီကလည်း ဝါဆို တစ်ယောက် ဖြိုးလေးကို စိတ်ဆိုးစိတ်ကောက်ဖြစ်ပြီး အဆိုတော်ဖြိုးလေးနဲ့ လမ်းခွဲကြောင်းသူရဲ့လူမှုကွန်ရက်စာမျက်နှာကဖော်ပြခဲ့တာကြောင့် ပရိသတ်တွေက ချစ်စရာကောင်းတဲ့ စုံတွဲလေးကို ဆုံးရှုံးရပြီလားဆိုပြီး စိုးရိမ်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့လည်း ဖြိုးလေးက ဝါဆို တစ်ယောက်စိတ်ကျေနပ်အောင်ချော့ခဲ့တာကြောင့် ပြန်လည်ပြေလည်ခဲ့ပါသေးတယ်။ ပရိသတ်ကြီးတွေထဲမှာရော ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ အချစ်တွေတိုးနေတဲ့ စုံတွဲလေးတွေရှိလား။

Source – Warso Moe Oo,CRD-Cele Gabar

About the author

Let Pan

Leave a Comment