Local Cele

အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင် ဆီက သင်ယူစရာတွေ အများကြီး လိုသေးတယ် ဆိုတဲ့ မေတိုးခိုင်

Written by Let Pan

ချစ်စရာကောင်းတဲ့ အပြုံးလေးတွေ ရဲ့ပိုင်ရှင်ဖြစ်ပြီး အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင် နဲ့ ရုပ်ချင်း ဆင်တာကြောင့် ပရိသတ်တွေက သတိထား မိလာတာ ဖြစ်တဲ့ မေတိုးခိုင်ကတော့ “တီအူဝဲဆီမှ သင်ယူစရာတွေကတော့ အခုထိမကုန်သေးပါဘူး ဖူး အနုပညာလောကထဲ စ၀င်လာထဲက တီအူဝဲက ဖူးကို ဘေးနားကနေ အမြဲ Support လုပ်ပေးတယ်။ အမြဲတမ်းသူရဲ့ ဒီပုံစံ တိုင်းလုပ်ဖို့တော့ ဘယ်တော့မှမပြောဘူး၊ဖူးကို ကိုယ်ရဲ့ကိုယ်စိတ်လေးနဲ့ကို ဘယ်လိုသွားရမလဲ၊ ဘယ်နေရာမှာကြတော့ ဘယ်လိုလေးလုပ်ရမယ်ဆိုပြီး အားနည်းချက် အားသာချက်တွေကို ထောက်ပြလေ့ရှိတယ်” လို့ ဆို ထားပါတယ်။

Photo Model တစ်ဦး အဖြစ် တော်တော်လေး နာမည်ကြီးခဲ့ပြီး နောက်ပိုင်း မှာ ရုပ်ရှင် ဗီဒီယိုကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နိုင် ခဲ့တာကို တွေ့ရပါတယ်။ မေတိုးခိုင်က လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို ဆက်တိုက် လုပ်ကိုင်လာတာပြီး ပရိသတ်အခိုင်အမာရရှိထားပါတယ် ။မေတိုးခိုင်ရဲ့ ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီးကတော့ စာရေး ဆရာမ လွန်းထားထားရဲ့ ဝတ္ထုဖြစ်ပြီး ဒါရိုက်တာ အောင်ဇော်လင်းက ရိုက်ကူးပုံဖော်ထားတဲ့ “ရူးအောင်ချစ်မယ့်လူ” ရုပ်ရှင် ဇာတ်ကားကြီးမှာ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင် နဲ့အပြိုင် အဓိက ပါဝင် သရုပ်ဆောင် ထားတာ ဖြစ်ပါတယ်။

ပရိသတ်ကြီးရေ “ရူးအောင်ချစ်မယ့်လူ” ရုပ်ရှင် ဇာတ်ကားကြီးနဲ့ ပရိသတ် အခိုင်အမာရရှိလာတဲ့ မေတိုးခိုင်ကတော့ တက်သစ်စသရုပ်ဆောင်တစ်လက်ဖြစ်သလောက် အဒေါ်ဖြစ်သူရဲ့ လမ်းပြတွေနဲ့အတူ အသစ်တစ်ယောက်လို့ မထင်ရလောက်တဲ့ အနုပညာတွေကို ချပြခဲ့တာလည်း ဖြစ်ပါတယ်။

crd : celefamily

About the author

Let Pan

Leave a Comment