Local Cele

“အဒေါ်ဖြစ်သူ အတွက် ရည်စူးပြီး အလှူပြုလုပ် ခဲ့တဲ့ အာဘွိုင်း နဲ့ မြတ်ရတနာကျော်”

Written by Let Pan

ပျော်ရွှင်စရာ မိသားစု ဘဝလေးကို နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ အဆိုတော် အာဘွိုင်းနဲ့ သရုပ်ဆောင် မင်းသမီးချောလေး မြတ်ရတနာကျော်တို့ စုံတွဲလေးကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ စုံတွဲလေးတစ်တွဲ ပဲဖြစ်ပါတယ်။နှစ်ဦးသားရွှေလက်တွဲပြီး နောက်ပိုင်းမှာတော့ အနုပညာ နဲ့ ပတ်သတ်တဲ့ အလုပ်တွေကို ရပ်နားခဲ့ပေမဲ့လည်း အခုချိန်ထိချစ်ခင်အားပေးတဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေဆဲပါ။လက်ရှိမှာ ချစ်စရာကောင်းတဲ့သမီးဦးရတနာလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သမီးလေး ကလည်း ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝ ရရှိနေတာပဲဖြစ်ပါတယ်။

လတ်တလော မှာတော့ အာဘွိုင်း ရဲ့ အဒေါ်ဖြစ်သူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၆)ရက်နေ့က ကွယ်လွန်ခဲ့တာဖြစ်ပြီး ဒီနေ့ နိုဝင်ဘာလ (၇)ရက်နေ့မှာတော့ အဒေါ်ဖြစ်သူအတွက်ရည်စူးပြီး ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)ကိုသွားရောက်ကာ အလှူငွေတွေ လှူဒါန်းခဲ့ပါတယ်။”ကျွန်တော့် ရဲ့ အရမ်းချစ်ရသော အဒေါ် ဒေါ်ခင်ကြူအား ရည်စူး၍ ယနေ့ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှာ အလှူငွေ သွားရောက် လှူဒါန်းခဲ့ပါတယ်။”ဆိုပြီးသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။

“မနက်ဖြန် မနက် (၈)နာရီ (၃၀)မိနစ်တွင် နေအိမ် မှ ကားများထွက်ခွာပြီး ထိန်ပင် သုသာန်သို့ ပို့ဆောင် မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း အသိမိတ်ဆွေ အမျိုးများအား အသိပေး အကြောင်းကြားအပ်ပါသည်။”လို့လည်း အသိမိတ်တွေတွေကို အသိပေး ထားပါသေးတယ်။ ပရိသတ်ကြီးရေ အဒေါ်ဖြစ်သူ အတွက်အလှူတွေပြုလုပ်ပေးနေတဲ့ အာဘွိုင်းအတွက် သာဓုခေါ် သွားပေးပါဦးနော်။

Source – Kyaw Phyo Tun,CRD-Cele Gabar

About the author

Let Pan

Leave a Comment