Local Cele

ကထိန်တွေ မှာဖွင့်လွန်းတဲ့ ကိုယ့်သီချင်းတွေ ကို ပရိသတ်တွေမပြော နဲ့ ကိုယ်တောင်နားငြီး တယ်လို့ ပြောလာတဲ့ ဗီဗာဟိန်း

Written by Let Pan

ပရိသတ်ကြီးရေ.. အသံချိုချိုအေးအေးလေး နဲ့ မြန်မာ သံစဉ်တေးသီချင်းလေးကို မြူးမြူးကြွကြွလေး ဆုပြီး ပရိသတ်တွေ ရင်ထဲ ရောက်ရှိခဲ့တဲ့ အဆိုတော်မလေး ဗီဗာဟိန်းကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ယနေ့အချိန်ထိ အခိုင်အမာ ရရှိထားပါတယ်နော်..။ကိုကြီးကျော်၊ တောင်ပြုံး စတဲ့ တေးသီချင်းလေးတွေနဲ့ ပရိသတ်တွေလက်ခံပြီး အောင်မြင်တဲ့ အဆိုတော် တစ်ဦးအဖြစ် ရပ်တည်နေတဲ့ ဗီဗာဟိန်းကတော့ မကြာခင်မှာလည်း သီချင်းအသစ်လေးတွေ ထွက်ရှိတော့မှာ ဖြစ်ပါတယ်နော်..။

ဗီဗာဟိန်းကတော့ ပရိသတ်တွေအကြိုက်တွေ့ခဲ့တဲ့ သူမရဲ့ သီချင်းလေးတွေကို ကထိန် မှာဖွင့်ကြလို့ ပရိသတ်တွေကြား ရေပန်းစားနေတဲ့ အပေါ်မှာလည်း “ပရိသတ်တွေမပြောနဲ့ ကိုယ်တောင်နားငြီးတယ်” ဆိုပြီး ချစ်စဖွယ်လေး ပြောလာပါတယ်နော်..။

“တချို့တွေက နားငြီးတယ်လို့တောင် ပြောကြတယ် သူတို့မပြောနဲ့ ကိုယ်တောင် နားငြီးတယ်လို့ အခုဆိုရင် ကိုယ့်အိမ်ရှေ့မှာ အလှူခံမဏ္ဍာပ်က သုံးခုလောက်ထားတာ အဲ့သုံးခု မှာ ဒီဘက်မှာ ဗီဗာဟိန်းကို ကိုကြီးကျော်ဖွင့်တယ် ဒီဘက်က တောင်ပြုံးဖွင့်တယ် ဒီဘက်က ဘူးသီးပေါ့ အဲ့လိုမျိုးလှည့်ပတ်ပြီး ဖွင့်တယ် ကြာတော့ ကိုယ်က ရူးချင်လာတယ်..” ဆိုပြီး ချစ်စဖွယ်လေး ပြောပြထားတာပါ..။

အဲ့ဒီနောက်မှာလည်း “ကိုယ့်ဖေ့စ်ဘွတ်အကောင့်မှာဆိုလည်း “နားနားပြီးဖွင့်ပါလား လော်စပီကာကြီးကိုလို့ ကြာတော့ ရူးချင်လာပြီလို့” ပြောတော့ ပရိသတ်တွေက Comment မှာ “အစကတည်းက မဆိုရမှာ အခုတော့ ရူးပြီ မလား” ရေးကြတယ် အဲ့လိုပြောကြတာကိုလည်း တကယ်လည်း ချစ်လည် ချစ်တယ် ဝမ်းသာ ပီတိလည်း ဖြစ်မိတယ်ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်နော်..။

ဗီဗာဟိန်းကတော့ သူမရဲ့ သီချင်းအသစ်လေးတွေ ထွက်ရှိမယ့်အကြောင်းလေးနဲ့ သူမရဲ့နာမည်အကြောင်းလေးတွေကို ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်တာမို့ ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။

CRD-Myanmarload

About the author

Let Pan

Leave a Comment