Local Cele

အနုပညာရှင် မောင်လေး ညီမလေးတွေ နဲ့ အတူ ပွဲတက်ရင်း ကလေးလေး တစ်ယောက်လို လွတ်လပ်ေ ပါ့ပါးစွာ ပျော်နေတဲ့ မအေးသောင်း

Written by Let Pan

မအေးသောင်းလို့ အားလုံး က ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချော အေးဝတ်ရည်သောင်း ကတော့ အနုပညာလောက မှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ သရုပ်ဆောင် မင်းသမီးချော မအေးသောင်းကတော့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူ ချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို မွန်မြတ်ပြီး ဖြူစင်တဲ့ စိတ်ထားလေးကိုလည်း ပိုင်ဆိုင်ထားသူလေးပါ..။

အေးချမ်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မအေးသောင်းလေးကတော့ ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ အမိုက်စား ပုံရိပ်လေးတွေ အပြင် ချစ်စရာကောင်းတဲ့အပြုံးချိုချိုလေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေသူလေးပါပဲ..။

အခုတစ်ခါမှာလည်း အနုပညာရှင်မောင်နှမတွေဖြစ်ကြတဲ့ ပိုင်တံခွန်၊ ကောင်းမြတ်စံ၊ မေတိုးခိုင်နဲ့ နော်ဖော်အယ်ထားတို့နဲ့အတူ ဆန်းကစ် ရဲ့ အခမ်းအနာားပွဲလေး ကို အတူတက်ရောက်ရင်း ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ကလေးလေးတစ်ယောက်လို လွတ်လပ်ပေါ့ပါးစွာ ပျော်နေပြန်ပါတယ်နော်..။

ချစ်စရာကောင်းတဲ့ ပွဲတက်ပုံရိပ်လေးတွေကိုလည်း “အပြုံးတွေဆုံတဲ့နေ့

ဆန်းကစ်နေ့

ပြုံးပြုံးလေးနော်..” ဆိုပြီး ချစ်စရာကောင်းတဲ့ အမှတ်တရ ပုံရိပ်လေးတွေကိုလည်း ချစ် ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပါ..။

ချစ်ရတဲ့ အနုပညာရှင် မောင်လေး ညီမလေးတွေနဲ့ ပျော်နေတဲ့ မအေးသောင်းလေး ရဲ့ ချစ်စရာ ပုံရိပ်လေေးတွကိုလည်း အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ ပရိသတ်တွေလည်း သဘောကျအချစ်ပိုနေကြမှာပါနော်..။

crd : myanmarload

About the author

Let Pan

Leave a Comment