Local Cele

လိပ်ပြာလေး လို လှရက်လွန်းနေတဲ့ ပန်းရောင်ခြယ် ရဲ့ ပွဲတက်ပုံရိပ်တွေ

Written by Let Pan

ပရိသတ်တွေ အရမ်းချစ်ကြတဲ့ အဆိုတော်ကြီး ဂရေဟမ် ရဲ့ သမီးချောလေး ပန်းရောင်ခြယ်ကေ တာ့ အများ နဲ့ မတူတဲ့ ဆံနွယ်​ရှည်​ကြီး​တွေ ကို ပိုင်​ဆိုင် ​ထားပြီး ကျက်​သ​ရေ ရှိတဲ့ မဟာဆန်​ဆန် ​အလှတရား ကို ပိုင်​ဆိုင် ​ထားတာပဲ ဖြစ်​ပါတယ်​။ လတ်​တ​လောမှာ​တော့ ပန်း​ရောင်​လေး က “လိပ်ပြာ” Season 1 – အမှန်တရားရဲ့ ဓါးတစ်လက် premiere screening event ကို အရုပ်​မ​လေးလို ချစ်​စရာ​ကောင်းတဲ့ ပွဲတက်​ဝတ်​စုံ​လေးနဲ့ အလှဆုံး တက်​ရောက် ​ခဲ့တာပါ။ ဆံပင်​လေး​တွေကို ကဗျာဆန်​ဆန်​လေး ထုံးဖွဲ့ပြီး လှချင်​တိုင်းလှ​နေတဲ့ ပန်း​ရောင်​ ရဲ့ ပုံရိပ်​လေး​တွေက အရမ်းကို ချစ်​ဖို့​ကောင်း​နေတာပါ​နော်​။ချစ်​ပရိသတ်​တွေအတွက် ​ရင်​ခုန်​စရာ​ကောင်း​လောက်​အောင်​လှရက်​လွန်းတဲ့ အလှပိုင်​ရှင်​လေး ပန်း​ရောင်​ခြယ်​ ရဲ့ ပုံရိပ်​လေး​တွေ ကို​ဖော်​ပြ​ပေး လိုက်​ပါတယ်​နော်​။

ပန်းရောင်လေးကတော့ “”လိပ်ပြာ” Season 1 – အမှန်တရားရဲ့ ဓါးတစ်လက် premiere screening event 🦋 ​အောက်တိုဘာ ၁၇ က စပြီး အပတ်စဉ် ကြာသပ​တေး​နေ့ ည ၈ နာရီ CANAL+ Zat Lenn channel မှာ ​စောင့်ကြည့်လို့ရပါတယ် 🦋” ဆိုပြီး သူမရဲ့ ပွဲတက်အလှပုံရိပ်တွေကို ဝေမျှပေး ထားတာပါ။

ပန်းရောင်ခြယ်ကတော့ ဖခင်နဲ့တူလို့ အဆို ဝါသနာပါသူ တစ်ဉီးဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာလည်း ပါရမီပါသူ တစ်ဉီးပါ။ သမီးကို အစစအရာရာ အားဖြည့်ပေးတဲ့ အဖေဖြစ်သူ ဂရေဟမ်

ပန်း​ရောင်​ခြယ်​က​တော့ လတ်​တ​လောမှာ သီချင်း​တွေ ဆက်​တိုက်​ပြုလုပ်​ဖြစ်​နေပြီး ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေတာပါ။ ချစ်​ပရိသတ်​တွေလည်း အရုပ်​မ​လေး လို လှတဲ့ ပန်း​ရောင်​လေးကို ချစ်​ရင်​share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Source:Pann Yaung Chel’s Facebook,CRD-MOMOLAY

About the author

Let Pan

Leave a Comment