Local Cele

မိန်းကလေးတွေ ဆီက ယောင်္ကျားလေးတွေ အလိုချင်ဆုံး အရည်အချင်းတွေ

Written by Let Pan

မိန်းကလေး တစ်ယောက်ဆီက ယောင်္ကျင်္ားလေးတွေ အလိုချင်ဆုံး အရည်အချင်းတွေက ဘာတဲ့လဲ။ များသော အားဖြင့်တော့ ယောင်္ကျားလေးတွေက မိန်းကလေးဆိုရင် ရုပ်ချောမှ၊ ခန္ဓာကိုယ် ဆွဲဆောင်မှုရှိမှ စသဖြင့် ရုပ်ပိုင်းဆိုင်ရာအလှကို ပိုပြီး သဘောကျကြတယ် ဆိုပေမယ့် တကယ်တမ်းမှာတော့ သူတို့စိတ်ထဲမှာ အလိုချင်ဆုံး အရည်အချင်းတွေ ရှိလို့နေ ပါသေးတယ်။ အဲဒါတွေက ဘာတွေလဲဆိုတော့…..

(၁)။ ဥာဏ်ကောင်းတာ

ယောင်္ကျားလေးတွေက ဥာဏ်ကောင်းတဲ့ မိန်းကလေးတွေကို သဘောကျကြတယ်။ သူတို့ထက်ပိုပြီး ဥာဏ်ကောင်းတယ်လို့ ထင်ရင် ပိုပြီးတော့တောင် သဘောကျကြသေးတယ်။ ဘာလို့လဲဆိုတော့ ဥာဏ်ကောင်းတဲ့ မိန်းကလေးတွေက တစ်ခုခုဆိုရင် ရှည်ရှည်ဝေးဝေးပြောနေဖို့မလိုပဲ နားလည် လွယ်တယ်လေ။ ပြီးတော့ ပိုပြီး လွတ် လွတ်လပ်လပ်နေတတ်တယ်၊ ပြီးတော့ ခံစားမှု အားလည်း ကောင်းတယ်။

(၂)။ အမှီအခိုကင်းတာ

မိသားစုရဲ့အုပ်ထိန်းမှုအောက်မှာ မဟုတ်ပဲ တစ်ကိုယ်တည်း ရပ်တည်နေနိုင်တဲ့ မိန်းကလေးမျိုးကိုလည်း ယောင်္ကျားလေးတွေ သဘောကျကြပါတယ်။ အမှီအခိုကင်းတဲ့ မိန်းကလေးတွေနဲ့ ချစ်သူ ဖြစ်ရပြီဆိုရင် ဘာကိုမှ ဂရုစိုက်နေစရာမလိုဘူး၊ သူ့ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်း၊ ဆွေမျိုးတွေ စသဖြင့် ဂရုစိုက်စရာမလိုပဲ လွတ်လွတ် လပ်လပ် ချစ်လို့ရတယ်။ များသောအားဖြင့်တော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့ မိန်းကလေးတွေဟာ ယုံကြည်မှုလည်းပိုရှိကြတာကြောင့် ယောင်္ကျားလေးတွေ သဘောကျတာကို ပိုပြီး ခံရလေ့ရှိပါတယ်။

(၃)။ ဟာသဥာဏ်ရှိတာ

ဟာသဥာဏ်ရှိတဲ့ မိန်းကလေးတွေ ကို ယောင်္ကျားလေးတွေ သဘောကျကြတယ် ဆိုတာကတော့ ရှင်းပါတယ်။ သူတို့နဲ့အတူရှိနေရတာက ပျော်စရာကောင်းတာကြောင့်မို့ပါပဲ။ ကိုယ်ဟာသတစ်ခုခုပြောတဲ့အခါ မရယ်တဲ့အပြင် သူ့ကိုထပ်ပြီးရှင်းပြနေရတဲ့ မိန်းကလေးမျိုးထက်၊ သူပြောပြတဲ့ဟာသတွေကို အတူတူ ရယ်မောနေရတဲ့ မိန်းကလေးမျိုး ကိုယ့်ဘေးမှာ ရှိနေတာ ပျော်စရာမို့ ဟာသဥာဏ်ရှိတဲ့ကောင်မလေးတွေက ကောင်လေးတွေရဲ့အသည်းစွဲတွေ ဖြစ်ကုန်တတ်ကြတာပါ။

(၄)။ ပွင့်လင်းတာ

ယောင်္ကျားလေးတွေက သူတို့ကိုယ်တိုင်သာ မပွင့်လင်းပဲ မြုံစိစိ လုပ်ချင်လုပ်နေမယ်။ သူတို့ ချစ်တဲ့ကောင်မလေးတွေကိုတော့ ပွင့်လင်းသူတွေ ဖြစ်စေချင်ကြတယ်။ သူတို့စိတ်ထဲမှာရှိတာတွေကို မြိုသိပ်မထားပဲ တိုင်ပင်မယ်၊ ဘာမဆို ပွင့်ပွင့်လင်းလင်းပြောမယ်။ အဲဒီလို မိန်းကလေးမျိုးကို ယောင်္ကျားလေးတွေက ပိုပြီး သဘောကျတတ်ကြတယ်။

CRD-SHWEMOM

About the author

Let Pan

Leave a Comment