Knowledge

ဖခင်ရှိခြင်း၊ မရှိခြင်းဟာ သမီးတွေ ရဲ့ အချစ်ရေး အပေါ် များစွာ သက်ရောက်နိုင်ကြောင်း တွေ့ရှိ..

Written by Let Pan

ဖခင် နဲ့ သမီးကြားက ချစ်ခြင်းမေတ္တာ ဟာ အနှိုင်းမဲ့ပါပဲ။ အဆိုးအကောင်း အားလုံးကို ဝေမျှခံစားကြသလို၊ တစ်ချို့ဗီဇလေးတွေ၊ အမူအကျင့်လေးတွေကို ဖခင်ဆီက အမွေရကြပါသတဲ့။ ဒါတင်မကသေးပဲ ဖခင်တွေဟာ သမီးတွေရဲ့အချစ်ရေးမှာ အများကြီး သက်ဆိုင်နေပါသတဲ့။ အထူးသဖြင့် ချစ်သူရွေးချယ်တဲ့ အခါမှာဖြစ်စေ၊ အချစ်ရေး အဆင်ပြေခြင်း မပြေခြင်းတွေမှာတောင် အများကြီး သက်ရောက်မှု ရှိပါသတဲ့။

စိတ်ပညာရှင် Linda Nielsen ရဲ့ စာအုပ်မှာ ဖခင်ရှိခြင်း၊ မရှိခြင်းဟာ သမီးတွေရဲ့အချစ်ရေးမှာ ဘယ်လောက်အထိ သက်ရောက်မှုရှိနိုင်လဲဆိုတဲ့အကြောင်းကို ဖော်ပြထားပါတယ်။ သူမဖော်ပြထားချက်အရ သမီးတစ်ယောက်ရဲ့ အချစ်ေရးမှာ ဖခင်ဖြစ်သူရဲ့ ရှိခြင်း၊ မရှိခြင်းဟာ ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။

(၁) ဖခင်ရှိသူများ

ဖခင်ရှိတဲ့သမီးတွေဟာ ချစ်သူရွေးချယ်တဲ့ အခါ သစ္စာရှိပြီး ယုံကြည်အားကိုးရတဲ့ချစ်သူမျိုး ကို အဓိကထားပြီး ရွေးချယ်ကြပါတယ်။ ဖခင်ရှိတဲ့သူတွေဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိပြီး ချစ်သူရွေးချယ်တဲ့အခါမှာလည်း ဆုံးဖြတ်ချက်ပြတ်သားကြပါတယ်။ ချစ်တဲ့သူဆိုရင် ပြတ်ပြတ်သားသားတွေဝေမှုမရှိပဲ လက်ခံကြသလို၊ အဆင်မပြေတော့တဲ့ အခါမှာလည်း ပြတ်ပြတ်သားသားလမ်းခွဲဖို့ကိုဝန်မလေးတတ်ကြပါဘူး။ ဖခင်ရဲ့ချစ်ခြင်းတရားအောက်မှာ ကြီးပြင်းလာတဲ့သမီးတွေဟာ ဆုံးဖြတ်ချက်လည်းမှန်ကန်တတ်ကြသလို ချစ်သူရည်းစားများများစားစား ထားဖို့လည်း စိတ်ကူးမရှိတဲ့သူတွေပါ။ တည်မြဲတဲ့ အချစ်ရေးမျိုးကို ပိုင်ဆိုင်နိုင်ကြပါတယ်။

(၂) ဖခင်မရှိသူများ

အကြောင်းအမျိုးမျိုးကြောင့် ဖခင် မရှိတော့တဲ့ သမီးတွေဟာဆိုရင် အချစ်ရေးမှာ အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေရှိနိုင်ပါတယ်။ ဖခင်မရှိတဲ့ သမီးတွေဟာ အချစ်ရေးမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းပြီး ဆုံးဖြတ်ချက်တွေလည်း ဇဝေဇဝါဖြစ်နေတတ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းပြီး ထိခိုက်လွယ်တတ်တဲ့သူတွေဖြစ်တာကြောင့် အချစ်ရေးမှာ အဆင်မပြေတာတွေဖြစ်တတ်ပါတယ်။ ဝမ်းနည်းလွယ်၊ ပေါက်ကွဲလွယ်ပြီး လူတွေကို ယုံရခက်တဲ့သူတွေဖြစ်တာကြောင့် အချစ်ရေးမှာ ဇာတ်သိမ်းမလှဖြစ်တတ်ပါတယ်။

ဒါကတော့ စိတ်ပညာရှင်တွေ ရဲ့ လေ့လာတွေ့ရှိချက်တွေဖြစ်ပြီး သင့်ဘဝ၊ သင့်အချစ်ရေးမှာရော သင့်ဖခင်ရဲ့ လွှမ်းမိုးမှုက ဘယ်လောက်အထိရှိသလဲဆိုတာ ပြောပြပေးပါဦး။

CRD-AUNTY MAY

About the author

Let Pan

Leave a Comment